ကွန်ပျူတာကို ဘယ်ကနေ စတင်လေ့လာမလဲ...?
=========================
Computer ပထမဦးဆုံး ဆိုင်က ဝယ်လာပြီးပြီ။
ဘယ်ကနေ စလုပ်ရမှန်းမသိ ဖြစ်နေရင်
ကွန်ပျူတာ သင်တန်းတခုခု တက်ပါ။ သို့မဟုတ် ကျွမ်းကျင်ကျင်သူ တစ်ဦးထံမှာ သင်ယူပါ။ အဓိက သင်တန်းတက်မှဘဲ မိမိရဲ့
ကွန်ပျူတာကို ပိုမိုထိရောက်စွာ အသုံးချ ကိုင်တွယ်နိုင်မှာ ဖြစ်ပါတယ်။
ကွန်ပျူတာတော့ ဝယ်ပြီးပြီ တနေကုန် Video ထိုင်ကြည့်ဖို့ဆိုရင် အစကတည်းက မဝယ်ပါ နဲ့ လို့ အကြံပြုချင်ပါတယ်။
ကွန်ပျုတာ ဆိုတာ အခုဆိုရင် လုပ်ငန်းတိုင်း အသုံးပြုနေရတာဖြစ်တာကြောင့် လုပ်ငန်းတိုင်းမှာ ကွန်ပျုတာပညာရှင်ဟာ လိုအပ်ပါတယ်။ ကွန်ပျုတာ နဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခုမှာ ကျွမ်းကျင် ပညာရှင်ဖြစ်ရင် ကိုယ့်ဘ၀ကို ရပ်တည်နိုင်ပြီး ဘဝရှေ့ရေးတိုးတက်စေမယ့် အလုပ်တွေလည်း ရရှိနိုင်ပါတယ်။ ကွန်ပျုတာ ကျွမ်းကျင်ပညာရှင်ဖြစ်ဖို့ စတင်မြည်းစမ်း ကြည့်ရမယ့် အကြောင်းတွေကို Wiki How က ဘယ်လို အကြံပေးထားလဲဆိုတာ ဝေမျှချင်ပါတယ်။
Hardware ရဲ့ အဓိပ္ပာယ်ကို လေ့လာပါ။
Hardware ဆိုတာ ကွန်ပျုတာ ရဲ့ စက်ပစ္စည်းတွေဖြစ်ပါတယ်။ ကွန်ပျုတာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်တာတွေ၊
Network ချိတ်ဆက်တာတွေမှာ Hardware လိုအပ်ပါတယ်။
Software ရဲ့ အဓိပ္ပာယ်ကို လေ့လာပါ။
Software ဆိုတာ ကွန်ပျုတာ တစ်လုံး အလုပ်လုပ်နိုင်အောင် လုပ်ဆောင်ပေးထားတာပါ။ Applications, Protocols နဲ့ Operation စနစ်တို့ ပါ၀င်ပါတယ်။
ကိုယ့် ကွန်ပျုတာရဲ့ Specifications ကိုလေ့လာပါ။
ဥပမာ ကိုယ့် ကွန်ပျုတာရဲ့ CPU က ဘယ်လိုလဲ
အဲ့ဒါတွေကို လေ့လာပါ။
ကွန်ပျုတာရဲ့ Command Lines တွေကို လေ့လာပါ။
ကိုယ့်ကွန်ပျုတာကို အကျိုးရှိရှိ အသုံးချနိုင်ဖို့အတွက် Command Lines တွေကို ဘယ်လို အသုံးချလို့ရလဲဆိုတာ လေ့လာပါ။ Command Lines တွေဆိုတာ
(MS DOS Prompt/Command Prompt in Windows, Terminal or Console in Linux) တို့ဖြစ်ပါတယ်။
Typing ကျွမ်းကျင်အောင် လေ့ကျင့်ပါ။
ဒါကတော့ အရမ်းတော့ အရေးမကြီးပါဘူး။ ဒါပေမယ့် ကွန်ပျုတာ ကျွမ်းကျင်ကြောင်းပြသဖို့အတွက်ဆိုရင် Typing ကျွမ်းကျင်အောင် Keyboard ကို မကြည့်ဘဲ ရိုက်နိုင်အောင် လုပ်ဆောင်သင့်ပါတယ်။
ကွန်ပျုတာ Programming ဘာသာ စကားကို လေ့လာပါ။
ကွန်ပျုတာ Programming အခြေခံ ဘာသာစကားကို သိရှိသင့်ပါတယ်။ HTML နဲ့ CSS တို့ကို သုံးပြီး Web Pages ကို ရေးနိုင်တာမျိုးတို့ကို အခြေခံ သိထားသင့်ပါတယ်။
ကွန်ပျုတာ အခြေခံ ပြင်တဲ့ နည်းလမ်း ကို လေ့လာထားပါ။
ကိုယ့်ကွန်ပျုတာ ဒါမှမဟုတ် တခြားတစ်ယောက် ကွန်ပျုတာ ပျက်သွားပါက အခြေခံ ပြင်နိုင်တဲ့ နည်းလမ်းသုံးပြီး ပြင်ကြည့်နိုင်မှာပါ။
Software တွေ ဘယ်လို Install လုပ်မလဲ ၊Drivers တွေ ဘယ်လို Upgrade လုပ်မလဲကို လေ့လာပါ။
Malware နဲ့ Firewall တို့ကို ဘယ်လို အသုံးပြုရမလဲ
ဆိုတာ လေ့လာပါ။
အင်တာနက်မှာ Wikipedia တို့ တခြား ကွန်ပျုတာ နဲ့ ပတ်သက်တဲ့ လေ့လာနိုင်တဲ့ Websites တွေမှာ ရှာဖွေ လေ့လာပါ။
No comments:
Post a Comment